သိန်းတစ်သောင်းပေါက်တဲ့ကံထူးရှင် ထီလက်မှတ် နာရီပိုင်းအတွင်းအခိုးခံရ ==========================
သိန်းတစ်သောင်းပေါက်တဲ့ကံထူးရှင် ထီလက်မှတ် နာရီပိုင်းအတွင်းအခိုးခံရ
============================
ကျောက်ဖြူ၊ ဧပြီ ၁ရက်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ သိန်းတစ်သောင်းထီပေါက်သူ ဦးစံရွှေခိုင်၏ ထီလက်မှတ်ကို ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းက အတည်ပြုပြောကြားသည်။
ထီဂဏန်း ထွက်ပြီးနောက် မိမိပေါက်သည်ကို သိရသဖြင့် ထီလက်မှတ်ကို ဘုရားစင်ပေါ်ပြန်တင်ထားရာကနေ ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။
"ဘယ်သူခိုးတယ်ဆိုတာတော့ မသိရသေးပါဘူး ကျွန်တော်တို့ကတော့ အခုမှ တိုင်ချက်ဖွင့်ပြီး စုံစမ်းနေဆဲပါ"ဟု ကျောက်ဖြူရဲစခန်းက တာဝန်မှူးကဆိုသည်။
ဦးစံရွှေခိုင်က ပထမဆုံး ကျပ်သိန်းတစ်သောင်းတန် ထီပေါက်သူဖြစ်ရန် နီးစပ်ခဲ့သော်လည်း လက်မှတ်ခိုးယူမှုခံရသောကြောင့် ထိုအခွင့်အရေးကို လွဲချော်သွားမှာပါ။
"ကျတော်တို့ဘက်က ထီလက်မှတ်ပြနိုင်မှဘဲ ဆုငွေထုတ်ပေးမှာပါ။ ထီလက်မှတ်ပြနိုင်တဲ့ ဘယ်သူမဆို ဆုငွေထုတ်ပေးမှာပဲ ဒါကလည်း နိုင်ငံတော်က ချပေးထားတဲ့ စည်းမျဉ်းပဲလေ"ဟု မြန်မာ့အခွန်ဦးစီးဌာနက ဦးအောင်ထွန်းလင်းက ပြောသည်။
ဦးစံရွှေခိုင်၏ မိသားစုဝင်တစ်ဦးဖြစ်သူ မခိုင်ခိုင်ဝင်းကတော့ တစ်မနက်လုံးပျော်ရွှင်ခဲ့ရသော်လည်း ပျော်ရွှင်မှုက နာရီပိုင်းလောက်သာခံပြီး တမိသားစုလုံးငိုကြွေးနေရကြောင်းနှင့် ထီလက်မှတ် အထားမှားနိုင်တာဖြစ်ကြောင်း ဖုန်းနဲ့ဆက်သွယ်ပြီးပြောပါတယ်။
သိန်းတစ်သောင်း (၁၀၀၀၀) ဆုကို ဧပြီလတစ်ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကျပ်ငါးရာဖြင့် တန်ဖိုးနှင့်ဆုငွေပါ ပြောင်းလဲ ရောင်းချခဲ့တာလည်းဖြစ်ပါတယ်။
Ref: Myanmar trallo news agency
