၂၃ နှစ်အရွယ် ဖိလစ်ပိုင်အလှမယ်လေးကို ပန်းနှင့်ချောကလက်ပေး၍ သေနတ်ဖြင့် ပစ်သတ် အပြည့်အစုံဖတ်ရန်နှိပ်ပါ။
ဖိလစ်ပိုင်နိုင်ငံတွင် အလှမယ်လေး တစ်ဦးကို အိမ်တံခါးလာခေါက်ကာ ပန်း နှင့်ချောကလက်ပေး၍ ပစ်ခတ်သတ်ဖြတ် မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ အသက် ၂၃ နှစ်အရွယ်မေရီခရစ် ရှန်ဘာလာတတ်စ်က တံခါးလာခေါက် သည့်လူနှစ်ဦးကို အိမ်ရှေ့တံခါးဖွင့်ပေးခဲ့ ပြီးနောက် ပန်းနှင့်ချောကလက်ကိုလက်ခံ ရရှိခဲ့သည်။
ထို့နောက် မေရီ၏နဖူးတည့် တည့်သို့ ကျည်ဆန်တစ်တောင့်တည်းဖြင့် ပစ်ခတ်သွားခဲ့ပြီး မော်တော်ဆိုင်ကယ်နှင့် ထွက်ပြေးသွားခဲ့ကြသည်။ မေရီကို ဆေး ရုံသို့အမြန်ဆုံးပို့ဆောင်ခဲ့ကြသော်လည်း လူနာတင်ကားပေါ်တွင် သေဆုံးသွားခဲ့ သည်။
ရဲများက မေရီနှင့်ယခင်ကပတ် သက်မှုရှိခဲ့ဖူးသောအမျိုးသားတစ်ဦးကို စုံ စမ်းစစ်ဆေးမှုများပြုလုပ်နေပြီး လူငှား သတ်ဖြတ်မှုတစ်ခုဖြစ်နိုင်သည်ဟု ရဲများ က ယုံကြည်နေသည်။
အခင်းဖြစ်ပွားရာနေ ရာတွင် a.45 calibre ပစ္စတိုမှကျည်ခွံကို ရှာဖွေတွေ့ရှိထားသည်။မေရီသည် ၂၀၀၉ ခုနှစ်က La Bulakenya အလှမယ်ပြိုင်ပွဲတွင် သရဖူဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၀ ပြည့် နှစ်၌ အလှမယ်ပြိုင်ပွဲတစ်ခု၌ ဆုရရှိခဲ့ဖူး သည်။
မေရီသည် Rနါငညa ဃမောနူင ကောလိပ်တွင် တက်ရောက်ပညာသင် ကြားနေသည့်ကျောင်းသူလေးတစ်ဦး လည်းဖြစ်သည်ဟု သိရသည်။
Source : Pyi Myanmar





