အမျိုးသမီးတိုင်းလျစ်လျူမရှုသင့်တဲ့ကင်ဆာလက္ခဏာရပ်တွေ ##########

#အမျိုးသမီးတိုင်းလျစ်လျူမရှုသင့်တဲ့ကင်ဆာလက္ခဏာရပ်တွေ
################################%


အမျိုးသမီးတွေဟာ ကင်ဆာနဲ့ ပတ်သတ်လို့ ပုံမှန်စစ်ဆေးပေးသင့်ပါဘူး။ အမျိုးသမီးတွေမှမဟုတ်ပါဘူး လူတိုင်းလည်း ကင်ဆာနဲ့ပတ်သတ်လို့ သတိရှိ နားလည်နေသင့်ပါဘူး။ ပုံမှန်စစ်ဆေးမှုလုပ်တာက ပိုပြီးကောင်းမွန်ပါတယ်။ ကျွန်မတို့ ခန္တာကိုယ်မှာ အခုအောက်မှာ ဖော်ပြတဲ့ လက္ခဏာရပ်တွေကို မျှဝေပေးချင်ပါတယ်။***

#ခါးနာခြင်း

မကြာခဏဆိုသလို ပုံမှန်ဟုတ် အကြောင်းပြချက်မရှိဘဲ ခါးနာတာဟာ အသည်းကင်ဆာနဲ့ ဆက်စပ်နေတတ်ပါတယ်။ အသည်းကင်ဆာဖြစ်နေတဲ့ လူနာတွေဟာ ခါးနာတတ်ပါတယ်။ ဒါပေမယ့် အသည်းကင်ဆာဟာ ခါးနာတာတစ်ခုတည်းနဲ့ ဆက်စပ်နေတာတော့မဟုတ်ပါဘူး။ ရင်သားကင်ဆာကလည်း တခါတလေ ခါးနာတာနဲ့ ဆက်စပ်နေပါတယ်။

#လက်သည်းအရောင်ပြောင်းလာခြင်း

လက်သည်းတွေ အရောင်ပြောင်းလာပြီဆိုရင် မပေါ့သင့်ပါဘူး။ အရောင် အရမ်းဖျော့တာ အရမ်းဖြူတာမျိုးဆိုရင် အသည်းကင်ဆာနဲ့ ဆက်စပ်နေပြီး အညိုရောင် အမည်းရောင်ဖြစ်ရင်တော့ အရေပြားကင်ဆာနဲ့ ဆက်စပ်နေနိုင်ပါတယ်။ လက်သည်းမှိုတက်တာ ကောက်ကောက်ကြီးဖြစ်လာတာမျိုးဆိုရင်တော့ အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

#မျက်နှာရောင်ခြင်း

အဆုတ်ကင်ဆာလူနာတော်တော်များများက မျက်နှာရောင်တာ မျက်နှာနီတာမျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဆုတ်ကင်ဆာအကျိတ်ဟာ ရင်ဘတ်နားက သွေးကြောတွေကို ပိတ်ထားပြီး မျက်နှာအတွင်း သွေးစီးဆင်းမှုကို ကန့်သတ်ထားလို့ဖြစ်ပါတယ်။

#အသားအရေမှာအနာဖုပေါက်ခြင်း

အသားအရေမှာ အနာဖုတွေပေါက်တယ်ဆိုရင် အရေပြားကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

#နို့သီးခေါင်းအရောင်ပြောင်းလာခြင်းအရည်ကြည်ထွက်ခြင်း

နို့သီးခေါင်းအရောင်ပြောင်းလာတာ အရည်ကြည်ထွက်တာမျိုးဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

#ရင်သားနီခြင်းရောင်ခြင်း_နာခြင်း_အကြိတ်စမ်းမိခြင်း

အဲဒီလိုလက္ခဏာမျိုးဆိုရင်လည်း ရင်သားကင်ဆာ နဲ့ ဆက်စပ်နေပါတယ်။

#အသက်ရှုကျပ်ခြင်း

အသက်ရှုကျပ်တာက အဆုတ်ကင်ဆာနဲ့ ဆက်စပ်ပါတယ်။

#နာတာရှည်ချောင်းဆိုးခြင်းနဲ့ရင်ဘတ်နာခြင်း

နာတာရှည်ချောင်းဆိုရင်တော့ ကျူမာ နဲ့ သွေးကင်ဆာတို့နဲ့ ကင်ဆာနေပါတယ်။ ရင်ဘတ်နာတယ်ဆိုရင်လည်း အဆုတ်ကင်ဆာနဲ့ ဆက်စပ်ပါတယ်။

#မကြာခဏဖျားခြင်း

မကြာခဏဆိုသလို ဖျားတာမျိုးဆိုရင် သွေးကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ သွေးဆဲလ်တွေမှာ ရောဂါကူးစက်ခံရရင် ခန္တာကိုယ်ထဲက စွမ်းအင်တွေကို ဖယ်ထုတ်ပစ်လိုက်လို့ပါ။ ဆရာဝန်ဆီအရင်သွားသင့်ပါတယ်။

#မျိုချဖို့ခက်ခဲခြင်း

ချောင်းဆိုနေတာက ပြဿနာမဟုတ်ပေမယ့် တစ်ခုခုကို မျိုချဖို့ခက်ခဲတယ်။ တံထွေးတို့ကိုတောင် မျိုချလို့မရဘူးဖြစ်နေရင်တော့ လည်ပင်ကင်ဆာ (သို့) အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

#ပုံမှန်ဟုတ်တဲ့အညိုအမည်းစွဲခြင်းသွေးထွက်တာမရပ်ခြင်း

သွေးကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ သွေးကင်ဆာဆဲလ်တွေဟာ သွေးနီဆဲလ်တွေထက် ပိုပြီးများနေတဲ့အခါ ဖြစ်နိုင်ပါတယ်။

#သားအိမ်ကင်ဆာ

အမျိုးသမီးတွေအဖြစ်များတဲ့ ရောဂါတစ်ခုပါ။ နုံးချည့်ညောင်းညာခြင်း၊ တင်ပဆုံနာကျင်ကိုက်ခဲခြင်း၊ ၀မ်းဗိုက်ဖောင်းခြင်း၊ ခါးအောက်ပိုင်းကြာရှည်ကိုက်ခဲခြင်း၊ ပုံမမှန်သွေးဆင်းခြင်း၊ မိန်းမကိုယ်မှာ အနာဖြစ်ခြင်း၊အရည်ကြည်ဖြစ်ခြင်း၊ ပုံမမှန်အရည်တွေဆင်းခြင်း စတဲ့လက္ခဏာရပ်တွေဆိုရင် Ultrasound ရိုက်သင့်ပါတယ်။ သားအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။

#ပင်ပန်းနွမ်းနယ်ခြင်း

ဘာမှမလုပ်ဘဲ ရုပ်တရက်ဆိုသလို ပင်ပန်းနွမ်းနယ်နေတာမျိုး မကြာခဏဖြစ်တတ်ရင် ကင်ဆာနဲ့ဆက်စပ်နေပါတယ်။

#ကိုယ်အလေးချိန်မူမမှန်ခြင်း

ရုတ်တရက် ကိုယ်အလေးချိန် အများကြီးကျဆင်းတာက ကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ အစာချေလမ်းကြောင်းဆိုင်ရာ ကင်ဆာ ဖြစ်နိုင်ပါတယ်။***

sources: guardianofhealt

#ဖတ်မိသမျှ_ကျန်းမာ_လှပ_သုတ
#CREDIT - MyFood Myanmar
Powered by Blogger.