လူ ၈ယောက်မီးလောင်သေဆုံးမှုနောက်ကွယ်မှာ ဘာတွေရှိနေသလဲအပြည့်အစုံသိရန်နှိပ်ပါ။
လူ ၈ယောက်မီးလောင်သေဆုံးမှုနောက်ကွယ်မှာ ဘာတွေရှိနေသလဲ
ပြည်တွင်းသတင်း
အမြန်လမ်း လူသေမှု့ တွေ ယာဉ်တိုက်မှု့တွေ အများကြီး ဖြစ်ဖူးပါတယ်။ ဒီလို CID ထိ လွှဲပေးတာ ရှိခဲ့ ဖူးလား ? ဟုတ်ပြီ ဒီ ဖြစ်စဉ်က သာမာန် accident တစ်ခု ဆိုရင် လက်ရှိအချိန် ယာဉ်မောင်းကလည်း သူမောင်းတာ လို့ ဝန်ခံပါတယ် လို့ ထွက်ဆို ပြီးသွား ပြီ CID ထိ လွှဲစရာ လိုသေးလား ? သေချာပါတယ် ခင်ဗျား တို့ ကျနော်တို့ မသိတဲ့ နောက်ကွယ်မသိတဲ့အကြောင်းတရားတွေ ဒီဖြစ်စဉ် မှာ ရှိသေး နိုင်တယ်ဆိုတာ ကားက ဗီဒီယို ဖိုင်မှာ ချက်ခြင်းကြီး တန်းလောင်တာလည်း မဟုတ်ဘူး ပြီးတော့ သိချင်တာက ပထမ ဦးဆုံး ဖြစ်တဲ့ အချိန် မီးငြိမ်းသတ် မှု့ ပြီးတော့ ရုပ်အလောင်းတွေ သယ်ပိုးတဲ့ အချိန် ကိုဝင်းထွန်း ဘာကြောင့် ဒရိုင်ဘာနေရာ ရောက်နေတာလည်း ? ဒရိုင်ဘာ မောင်းတယ်ဆိုတာ နောက်မှ စစ်ချက်ထွက်တာ အခင်းစဖြစ်တဲ့ နေ့က မောင်းတဲ့ သူ ကိုဝင်းထွန်း လို့ ဘာကြောင့် ပြောတာလည်း ? မောင်းတဲ့ သူရဲ့ ထွက်ဆိုချက်မှာ ကိုဝင်းထွန်း ခြေထောက် တစ်ဖက်အလူမီနီယံတန်း နဲ့ ညှပ်နေလို့ ကယ်ထုတ်လို့ မရဘူး ဆို ပြီးတော့ တစ်ယောက်တစ်လေ မှ မလွတ်တာ ဘာကြောင့်လည်း၊ အမှန်ဆို ဘေးတံခါး ဖွင့်လို့ မရရင် ယာဉ်မောင်း နေရာကကော ကျော်ပြီး အောက်ကို ခုန်ဆင်းလို့ မရဘူးလား ? ယာဉ်မောင်းနေရာနဲ့ အနောက်နဲ့ က အလုံပိတ်ကြီး လည်း မဟုတ် ဘယ်လိုကြောင့် အကုန်လုံး နေရာမှာပဲ ရှိလည်း စဉ်းစားလို့ မရတာ၊ ကိုဝင်းထွန်းတို့ အဖွဲ့သည် အမှန်ဆို သောကြာနေ့ ရန်ကုန်ပြန်ဝင်ရမှာ သို့သော် သူတို့ နေပြည်တော် ဝင်ခဲ့သေးတယ်။ စနေနေ့ မှ ရန်ကုန် ထွက်လာခဲ့တာ၊ ၇:၃၀ မိနစ် မှာ သူတို့ မိုင်တိုင်၃၆ သပြေရိပ် မှာ ထိုင်ခဲ့ သေးတယ်၊ ၈း၃၀ မိနစ် မှာ မှ Accident ဖြစ်တာ အခင်းဖြစ်ရာ မှာ သေဆုံးခဲ့တဲ့ ညီမလေးဆို ဆွဲကြိုးတွေ ဖိနပ်တွေအရည်ပျော်ပေမယ့် ရုပ်အလောင်းကိုတော့ခွဲလို့ရပါသေးတယ်။ သတင်းတစ်ခုတော့ အရိပ်ယောင် နည်းနည်းရတယ်။ သို့ သော် သေချာသလား မသေချာသလား အရင်းမြစ် အတိကျ မသိသေးတဲ့ အတွက်တော့ ထည့်ရေး လို့ မရသေး ပါ။ မှားထောက်ရင် ခံသွားရမယ့် အနေထားထိ ဖြစ်နေလို့လေ့လာတုန်း၊ သေပြီးသား သူတွေ ပြန်ရှင်ခိုင်း လို့ မရတာ မှန်ပေမယ့် သေဆုံးသွားတဲ့ သူတွေ အတွက် အမှန်တရား ဖြစ်စေချင် တာပါ။ ဘာပဲပြောပြော CID ထိ လွှဲလိုက်တဲ့ အမှု့ တစ်ခုက စိတ်ဝင်စားစရာ အပိုင်းအစတွေ ထွက်လာလိမ့် အုံးမယ် လို့ မျှော်လင့်မိပါတယ်။ ဖြည့်စွက်ချက် အစကတည်းက သေဆုံးဘော်ဒီတွေကို စစ်ဆေးသင့်တယ်လို့ ရှု့ထောက်အမျိုးမျိုးကနေ ပြောခဲ့ပေမယ် မှုခင်းဆရာဝန်တွေ ဆေးစစ်ခဲ့တာမရှိဘဲ မီးသဂြိုလ် ခဲ့တယ်။ ဒီအချိန်မှာတော့ အမှန်တရား ဆိုတာ ရှေ့ကို ရောက်လာပါ့မလား မသေချာမရေရာတော့ပါဘူး။ သေဆုံးသူ ၈ ယောက်အတွက် အမှန်တရားမြတ်နိုးသူတွေ ဖြစ်ကြပါစေ။ Crd ဇွဲကို YK