မလေးရှားတွင် မြေကြီးထဲမှ ကြက်တောင်ပံများ ထွက်လာသဖြင့် ရွာသားများ အလုအယက်တူးယူ





မလေးရှားနိုငံ ဆာရာဝက်ခ်ဒေသရှိ ဘူကစ်အပ် ကျေးရွာတွင် မြေကြီးအတွင်းမှ ကြက်တောင်ပံများ တွေ့ရှိခဲ့သဖြင့် ရွာသားများ အလုအယက်တူးယူနေကြကြောင်း ဒေသခံ ဆာရာဝက်ခ်မီဒီယာမှ ဖော်ပြခဲ့သည်။

မလေးလူမျိုးများ ကြိုက်နှစ်သက်ဆုံး အစားအစာများထဲတွင် ကြက်တောင်ပံကြော်သည် ထိပ်ဆုံးစားရင်းကရှိသည်။ မလေးရိုးရာ နာဆီလာမ(အုန်းထမင်း)နှင့် အရမ်းဂိုးရင်း(ကြက်တောင်ပံကြော်)တို့မှာ အလိုက်ဖက်ဆုံး နံနက်စာဖြစ်သကဲ့သို့ KFC ကြက်ကြော်ကဲ့သို့လည်း ကြက်တောင်ပံများကို ညဈေးတန်းတွင် လက်မလည်အောင်ကြော်ရောင်းကြရသည့် အတွက် ကြက်တောင်ပံမှာ မလေးလူမျိုးတို့ အတွက် အဖိုးတန်လှသည်။

ယခု ဘူကစ်အပ် ကျေးရွာအနီးရှိ မြေကြီးထဲမှ ကြက်တောင်ပံများ တွေ့ရှိသည်ဆိုသည့် သတင်းကြောင်း အနီးနားရှိရွာသားများ အလုအယက်လာရောက် တူးယူနေကြခြင်းဖြစ်သည်။

အမှန်တစ်ကယ်တော့ အဆိုပါကြက်တောင်ပံများမှာ ကွန်တိန်နားကားများနှင့် တရားမဝင်တင်သွင်းလာသော အလေးချိန် ၃ တန်ခန့်ရှိသည့် အေးခဲထားသော ကြက်တောင်ပံများဖြစ်သည်။ အကောက်ခွန်အာဏာပိုင်များက လွန်ခဲ့သည့် သောကြာနေ့က စစ်ဆေးတွေရှိခဲ့သဖြင့် အဆိုပါ ကြက်တောင်ပံများကို မြေကြီးကျင်းတူးကာ အားလုံးကို မြေမြုတ်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းကို သိရှိခဲ့သူတစ်ဦးက ရတနာပုံဆိုက်သည့်အလား နောက်တစ်ရက်တွင် ပြန်လည်၍ လာရောက်တူးဖော်ရာမှ အခြားရွာသားများလည်း သိရှိခဲ့ပြီး မြေမြုတ်ထားသော ကြက်တောင်ပံများကို တစ်နိုင်တစ်ပိုင် အလုအယက်တူးဖော်ယူနေကြခြင်းဖြစ်သည်။ 



“ကျွန်တော်ကို သူငယ်ချင်းတစ်ယောက်က ပြောလို့ ဒီမှာလာတူးနေတာ၊ အချို့ကြက်တောင်ပံတွေဆိုရင် အေးခဲနေတုန်းပဲ” ဟု လာရောက်တူးဖော်သူတစ်ဦးက ပြောပြခဲ့သည်။ တူးဖော်ကြသူ အတော်များများက လတ်ဆတ်နေတုန်းပဲလို့ ပြောကြပေမယ့် ကြက်ငှက်တုတ်ကွေး H5N1 ကို သူတို့တွေ မေ့နေကြပုံရပါတယ်။ 

Source : Popolay
Powered by Blogger.