Fb နှင့် မကင်းနိုင်သူတိုင်း မဖြစ်မနေ ဖတ်သင့်သော ═══════════════════════════════ "Facebook က ထိုးတဲ့ ခေါင်းလောင်းသံ"Share ခြင်းဖြင့်မျှဝေပါ။
Fb နှင့် မကင်းနိုင်သူတိုင်း မဖြစ်မနေ ဖတ်သင့်သော
═══════════════════════════════
"Facebook က ထိုးတဲ့ ခေါင်းလောင်းသံ"
မင်းသွေးငယ် (ရာမညမြေ)
❖ ညီမလေးရေ...
❖ Fb ပေါ် တစ်စုံတရာကြောင့်
မျက်ရည်စိုရွှဲ ဝမ်းနည်းနေရသလားကွာ..
❖ Social Media ဆိုတာ
ကောင်းတာတွေ အကျိုးအတွက်စံစားနိုင်ပေမယ့်
မကောင်းတာတွေ အတိုးနဲ့ ခံစားဖို့မဟုတ်ဘူးလေ။
❖ ကောင်းတာတွေ ခွဲစစ်ပြီး
မကောင်းတာတွေ ဝဲပစ်ဖို့ပါ။
❖ ညီမလေး ရဲ့ Post
Like ပေးမယ့်သူ ရှားပါး
အားလျော့နေသလားကွယ်..
❖ တန်ခိုးထွားတဲ့ အရေမရ အဖတ်မရ post နဲ့
အကျိုးများမယ့် ရိုးသားတဲ့ အရေရ အဖတ်ရ post
ဒီနှစ်ခုမှာ
Like တန်ဖိုးက မိုးနဲ့မြေကွာပါသတဲ့။
❖ Like တစ်ထောင်ရလို့
ဝင်ငွေ တစ်ထောင်တိုးကြေးဆို
ခက်ရာခက်ဆစ် အလုပ်သစ်
ရှာမယ့်သူတောင် ရှိမှာမဟုတ်ဘူး။
❖ ညီမလေးရေ..
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့
ကိုယ့်ဘဝ ကိုယ့်အလှကမှ
ကိုယ် တကယ်ကြိုက်လို့ Like ရမှာလေ..
❖ လောကမှာ သူ့အကြိုက်နဲ့သူ
Like တိုင်း ကြိုက်ချင်မှကြိုက်သလို
ကြိုက်တိုင်းလည်း Like ချင်မှ Like တာ
ဒါ----ဂရုစိုက်စရာလားကွာ။
❖ ညီမလေး မှတ်ထား
ဘယ် ချီးစားလောက်မှ
ပန်းဝတ်ရည်ကို မခုံမင် သလို
မစင်ပုံမှာလည်း ဘယ်ပျားကမှလာမနားဘူး
သူ့အကြိုက်နဲ့သူပ့ါ။
❖ မစင်ပုံ အဖြစ်ခံပြီး လောက်ပေါင်းထောင်သောင်းကို
မြှူ မှာလား ခြူ မှာလား
ညီမလေး စဉ်းစားလေ။
❖ '' Like is not life ''
Comment is not command.
❖ Like ဆိုတာ ဘဝမဟုတ်ဘူး..
တကယ်တော့ လောကနိယာမရဲ့
အကောင်းအဆိုး Comment ဒဏ်ကို
ခံနိုင်မှလူအစစ် ပြင်တတ် မြင်တတ်မှ အနှစ်။
❖ ဗုဒ္ဓအလိုကျဘဝဆိုတဲ့ Post မှာ
Like တစ်ချက်ရဖို့ တောင် မနည်း
လူတိုင်း အားခဲ နေရကြရတာလေ ...
❖ ကြုံလာသမျှ လောကဓံ အလဲအကွဲကို
အများရှေ့ဒူးထောက်ပြီး မျက်ရည်စတွေနဲ့ ထုတ်ဖော်
Mention ခေါ်နေမယ့်အစား
ကြိုက်နှစ်သက်ရာ သူတော်ကောင်းတရားကို
ရင်ဘတ်ထဲ Save လေးလုပ်ပြီး
တစ်သက်စာ သိမ်းထား
အားငယ်တိုင်းပြန်ကြည့် ရမှာလေ...
❖ လူမသိ သူမသိ Chat Box ထဲက ပြောထားတဲ့
ရင်ထဲကမပါတဲ့ အကုသိုလ်တရား
မဟုတ်တမ်းစကားတွေကြောင့်
❖ ကံ ကံရဲ့အကျိုး ကြံမ္မာဆိုးရဲ့
Sreenshort ရိုက် အရှက်ခွဲတာလည်းမခံရစေနဲ့
အကုသိုလ်ရဲ့ Report ထုတာလည်း မခံရစေနဲ့
ဘဝ Account လေး ပျက်မှာစိုးလို့ပါ။
❖ ညီမလေးတောင်း တဲ့ လောကရဲ့ Comment
❖ It might be sweet or bitter
ချိုချင်ချိုမယ် ခါးချင်ခါးမယ်
အခါးရှိလို့ အချိုက တန်ဖိုးရှိနေတာ
ခါးတာလည်း ရှားပါးအရသာတစ်မျိုး
အရက်ဂျိုးတွေ မေးကြည့်
စိတ်ရှိတိုင်း ဖြေပြလိမ့်မယ်..
❖ လောကကြီးက ညီမလေးတောင်းတဲ့
သကာရည်မပေး တမာရည်လေးပဲ ကမ်းလည်း
ဘာဆန်းသလဲကွယ်
အဖန်ရည်လုပ်ချိုး ရောဂါပိုးတောင်သေသေး
❖ ထိုင်နေကောင်းသား
ထသွားမှကျိုးမှန်းသိမှာ ကြောက်နေသလား
တခြား ခြေလက်/မျက်စိ/နား
ဦးနှောက်အားတွေ ကောင်းကြောင်း
မောင်းထုကြွားလို့တောင် ရသေး
❖ ညီမလေးဟာ လူပျင်းလား
ဘယ်လောက်ထိ မသွားချင်မလာချင်ပျင်းနေသလဲ
ဒါဆို မပူနဲ့ အိမ်မြဲတဲ့ ခြံစောင့်ကောင်းတစ်ယောက်
ပေါက်ပေါက်ရောက်ရောက်ဖြစ်နိုင်ပါသေးတယ်
❖ မလှမပ ရုပ်ဆိုးလွန်းလို့
ခဏခဏ ငိုနေရော့ သလား
ဘယ်လောက်ထိ ရုပ်ဆိုးနိုင်သလဲ
ဆိုးချင်သလောက်ဆိုး
ဂရင်းနစ်စံချိန်ချိုးဖို့တော့ လိုလိမ့်မယ်
မစို့မပို့ ဆိုးတာလောက်က
အလုပ်မဖြစ်ဘူးလေ ညီမလေးရဲ့...
❖ ဝလွန်းလို့ စိတ်ပျက်နေမယ့်အစား
သရုပ်ဆောင် ပွင့်လို အဝ ကို ခုတုန်းလုပ်
ပရိသတ်ပြုံးပျော်အောင် လုပ်လိုက်ပါလား
အပြုံးတွေ ရှားလာလို့ပါ
❖ ပိန်လွန်းလို့ စိတ်ညစ်နေမယ့်အစား
Talent Show မှာ အရိုးပြိုင်းပြိုင်းကို
ခုတုံးလုပ်ပြီး ဓါတ်မှန်ရိုက်စရာ မလိုဘဲ
ခန္ဓာမှာ အရိုး(၂၀၆) ချောင်းရှိကြောင်း
ပရိသတ်ထောင်သောင်းသိအောင်
အတိအကျ ရေပြရင်း
အားကုန်ဖျစ်လို့ ညှစ်ပြနိုင်ရင်
စံချိန်အသစ် Winner အစစ် ဖြစ်ပြီပေါ့
်
❖ ကိုယ့်အရေအသွေးနဲ့ကိုယ်
ရွှေရင်တွေဖို ပီတိတွေတောင် ပြိုလိုရသေး
❖ ညီမလေး သိထားဖို့က
ခြင်္သေ့တစ်ကောင်ဟာ ရုပ်လှဖို့မလိုဘူး
အားမာန် ထုတ်ပြတတ်ဖို့ပဲ လိုတယ်
❖ ဥသြပျို ဟာလည်း အရောင်မဲညစ်
Miss ရဖို့မလိုဘူး
Bird Idol မှာ Vocal Power အားကောင်း
ကောင်းနဲ့ ဆိုနိုင် ဖို့ပဲ လိုတယ်
❖ ဘာ----ဘာတဲ့
ငိုနေတယ် ဟုတ်လား
မရေရာတဲ့ Chatbox က မသေချာတဲ့
မျှော်လင့်ချက်တွေကုဋေကုဋာ
ပေးသွားတဲ့သူ့ကြောင့်
ညီမလေး ငိုနေတာလား
ဒါဆို ညီမလေး မှားပြီ
❖ '' တောက် ''
မတန်လိုက်တာ ညီမလေးရယ်
Fb is not real life
လက်တွေ့ မြင်ရင်တောင်
တစ်ဝက်ပဲ ယုံရမယ့်ခေတ်
စိတ်ညစ်ခံတာ တန်သလားကွာ
ရင်ဘတ်တွေအောင့်
စိတ်ချဉ်တွေပေါက်စရာလိုလားကွာ
❖ မသေချာတဲ့ ရည်စားတစ်ထောင်နဲ့ စကားဖောင်ဖွဲ့
အချိန်ကုန်နေရင်
စစ်မှန်တဲ့ လင်ကောင်တစ်ယောက်
ကောက်ခနဲလွတ်သွားမယ်လေ
❖ အရင်က တစ်ခါမှ မချစ်ခဲ့ဖူးဘူး
ညီမလေးကျမှ ချစ်လှပါပြီဆိုတဲ့
စကားကို ပွအောင် လှအောင်မုသားဆော်ဒါတွေ
သုံးပြီး ပြောခဲ့ဖူးသူထောင်သောင်းတွေထဲက
❖ ဘယ်သူများက ဟောင်းလောင်းဖြစ်နေတဲ့
ညီမလေးအိမ်က ဆန်အိုးကို ဖြည့်ပေးခဲ့ဖူးလို့လဲ
အရေးကြုံရင် သက်လုံကောင်းခဲ့ဖူးလား
ပြသနာကို ကျောချင်းကပ် ရင်ဆိုင်ဖူးလား
ရင်ဘတ်ချင်း ကပ်ဖို့ ပဲ ကြိုးစားနေသလား
ညီမလေး သေချာစဉ်းစား
❖ တကယ်တော့
စကားလုံးတွေထဲက ဆီဦးထောပတ်ထက်
အိုးကပ်ကျန်နေတဲ့ အမေ့ဆန်တစ်ဆုပ်က
လက်တွေ့ဘဝမှာ ပိုတန်ဖိုးရှိတယ်
❖ ပြီးတော့ ရှိသေးတယ်
❖ ယာယီသွေးသား Crisis ကြောင့်
အိပ်မက်နန်းတော်ကို မြားချိတ်မှာ တပ်ပြီး
ကုတင်ပေါ်ကတာဝန်တစ်ခုကိုပဲ ကျေဖို့
အရူးချီးပန်း ကြိုးစားနေတဲ့ တဏှာရူးတွေတွေ့ရင်
ညီမလေးပြောရမှာက
❖ " Sorry တာ့တာ" ပဲ
ဘဝက တစ်ခါသုံးမှ မဟုတ်တာကွယ်
❖ ကဲ------ကိုင်ပေါက်လိုက်ရင်
ဘာမှ ပြန်မပြောနိုင်ရှာတဲ့
သက်မဲ့ ဖုန်းထဲက အရာတွေအတွက်
အိပ်ရေးလည်း အပျက်မခံနဲ့
ကြိတ်ဆွေးလည်း အတက်မခံနဲ့
စိတ်လေးလည်း အပျက်မခံနဲ့
❖ မျက်ရည်စက်တွေက တန်ဖိုးရှိတယ်
ဝမ်းနည်းလို့ ကျလာတဲ့ မျက်ရည်စက်မှာ
အဖိုးအနဂ္ဃထိုက်တန်တဲ့
ပရိုတင်းတွေအများကြီးပါတယ်
ညီမလေး အားယုတ်နေလိမ့်မယ်
❖ ညီမလေးသာ ရင်ဘတ်ကလေးဖိရုန်း
မျက်လုံးအဖောင်းသားနဲ့ငိုနေ
ဟိုတစ်ယောက်ကတော့
ပြက်လုံးအကောင်းစားနဲ့ ရီနေလောက်ပြီ
❖ ကဲ သက်ရှိဖြစ်တဲ့ ညီမလေးရေ
❖ သက်မဲ့ ဖြစ်တဲ့ ဖုန်းလေးကြောင့်
မျက်ရည်တွေ ဖွေးယှက်
အတွေးနက် ပေးဆပ် နေမယ့်အစား
ဟာသကားလေး ငှားလို့
ဝါးခနဲ ရီလိုက်စမ်းပါကွယ်
❖ အသက်ရှည်စေချင်လွန်းလို့ပါ ►
════
❖ Fb ကြောင့် စိတ်သောက ရောက်နေသူများသို့ ►
════
❖ ဤ Post ကို Share ခြင်းဖြင့် Media
အချစ်ကျော့ကွင်းသို့ သက်ဆင်းမည့် ရိုးသားသည့်
မျက်ရည်စက်လေးများစွာကို ကယ်တင်နိုင်ကြပါ
စေကြောင်း ဆုမွန်ကောင်းတောင်းလျက်..
═══════════
credit - မင်းသွေးငယ်(ရာမညမြေ)
ရောဂါဗေဒဌာန
နိုင်ငံတော်နှင့် အာဆီယံအဆင့်စာပေဆုများရှင်။
photo - credit.
═══════════════════════════════
"Facebook က ထိုးတဲ့ ခေါင်းလောင်းသံ"
မင်းသွေးငယ် (ရာမညမြေ)
❖ ညီမလေးရေ...
❖ Fb ပေါ် တစ်စုံတရာကြောင့်
မျက်ရည်စိုရွှဲ ဝမ်းနည်းနေရသလားကွာ..
❖ Social Media ဆိုတာ
ကောင်းတာတွေ အကျိုးအတွက်စံစားနိုင်ပေမယ့်
မကောင်းတာတွေ အတိုးနဲ့ ခံစားဖို့မဟုတ်ဘူးလေ။
❖ ကောင်းတာတွေ ခွဲစစ်ပြီး
မကောင်းတာတွေ ဝဲပစ်ဖို့ပါ။
❖ ညီမလေး ရဲ့ Post
Like ပေးမယ့်သူ ရှားပါး
အားလျော့နေသလားကွယ်..
❖ တန်ခိုးထွားတဲ့ အရေမရ အဖတ်မရ post နဲ့
အကျိုးများမယ့် ရိုးသားတဲ့ အရေရ အဖတ်ရ post
ဒီနှစ်ခုမှာ
Like တန်ဖိုးက မိုးနဲ့မြေကွာပါသတဲ့။
❖ Like တစ်ထောင်ရလို့
ဝင်ငွေ တစ်ထောင်တိုးကြေးဆို
ခက်ရာခက်ဆစ် အလုပ်သစ်
ရှာမယ့်သူတောင် ရှိမှာမဟုတ်ဘူး။
❖ ညီမလေးရေ..
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့
ကိုယ့်ဘဝ ကိုယ့်အလှကမှ
ကိုယ် တကယ်ကြိုက်လို့ Like ရမှာလေ..
❖ လောကမှာ သူ့အကြိုက်နဲ့သူ
Like တိုင်း ကြိုက်ချင်မှကြိုက်သလို
ကြိုက်တိုင်းလည်း Like ချင်မှ Like တာ
ဒါ----ဂရုစိုက်စရာလားကွာ။
❖ ညီမလေး မှတ်ထား
ဘယ် ချီးစားလောက်မှ
ပန်းဝတ်ရည်ကို မခုံမင် သလို
မစင်ပုံမှာလည်း ဘယ်ပျားကမှလာမနားဘူး
သူ့အကြိုက်နဲ့သူပ့ါ။
❖ မစင်ပုံ အဖြစ်ခံပြီး လောက်ပေါင်းထောင်သောင်းကို
မြှူ မှာလား ခြူ မှာလား
ညီမလေး စဉ်းစားလေ။
❖ '' Like is not life ''
Comment is not command.
❖ Like ဆိုတာ ဘဝမဟုတ်ဘူး..
တကယ်တော့ လောကနိယာမရဲ့
အကောင်းအဆိုး Comment ဒဏ်ကို
ခံနိုင်မှလူအစစ် ပြင်တတ် မြင်တတ်မှ အနှစ်။
❖ ဗုဒ္ဓအလိုကျဘဝဆိုတဲ့ Post မှာ
Like တစ်ချက်ရဖို့ တောင် မနည်း
လူတိုင်း အားခဲ နေရကြရတာလေ ...
❖ ကြုံလာသမျှ လောကဓံ အလဲအကွဲကို
အများရှေ့ဒူးထောက်ပြီး မျက်ရည်စတွေနဲ့ ထုတ်ဖော်
Mention ခေါ်နေမယ့်အစား
ကြိုက်နှစ်သက်ရာ သူတော်ကောင်းတရားကို
ရင်ဘတ်ထဲ Save လေးလုပ်ပြီး
တစ်သက်စာ သိမ်းထား
အားငယ်တိုင်းပြန်ကြည့် ရမှာလေ...
❖ လူမသိ သူမသိ Chat Box ထဲက ပြောထားတဲ့
ရင်ထဲကမပါတဲ့ အကုသိုလ်တရား
မဟုတ်တမ်းစကားတွေကြောင့်
❖ ကံ ကံရဲ့အကျိုး ကြံမ္မာဆိုးရဲ့
Sreenshort ရိုက် အရှက်ခွဲတာလည်းမခံရစေနဲ့
အကုသိုလ်ရဲ့ Report ထုတာလည်း မခံရစေနဲ့
ဘဝ Account လေး ပျက်မှာစိုးလို့ပါ။
❖ ညီမလေးတောင်း တဲ့ လောကရဲ့ Comment
❖ It might be sweet or bitter
ချိုချင်ချိုမယ် ခါးချင်ခါးမယ်
အခါးရှိလို့ အချိုက တန်ဖိုးရှိနေတာ
ခါးတာလည်း ရှားပါးအရသာတစ်မျိုး
အရက်ဂျိုးတွေ မေးကြည့်
စိတ်ရှိတိုင်း ဖြေပြလိမ့်မယ်..
❖ လောကကြီးက ညီမလေးတောင်းတဲ့
သကာရည်မပေး တမာရည်လေးပဲ ကမ်းလည်း
ဘာဆန်းသလဲကွယ်
အဖန်ရည်လုပ်ချိုး ရောဂါပိုးတောင်သေသေး
❖ ထိုင်နေကောင်းသား
ထသွားမှကျိုးမှန်းသိမှာ ကြောက်နေသလား
တခြား ခြေလက်/မျက်စိ/နား
ဦးနှောက်အားတွေ ကောင်းကြောင်း
မောင်းထုကြွားလို့တောင် ရသေး
❖ ညီမလေးဟာ လူပျင်းလား
ဘယ်လောက်ထိ မသွားချင်မလာချင်ပျင်းနေသလဲ
ဒါဆို မပူနဲ့ အိမ်မြဲတဲ့ ခြံစောင့်ကောင်းတစ်ယောက်
ပေါက်ပေါက်ရောက်ရောက်ဖြစ်နိုင်ပါသေးတယ်
❖ မလှမပ ရုပ်ဆိုးလွန်းလို့
ခဏခဏ ငိုနေရော့ သလား
ဘယ်လောက်ထိ ရုပ်ဆိုးနိုင်သလဲ
ဆိုးချင်သလောက်ဆိုး
ဂရင်းနစ်စံချိန်ချိုးဖို့တော့ လိုလိမ့်မယ်
မစို့မပို့ ဆိုးတာလောက်က
အလုပ်မဖြစ်ဘူးလေ ညီမလေးရဲ့...
❖ ဝလွန်းလို့ စိတ်ပျက်နေမယ့်အစား
သရုပ်ဆောင် ပွင့်လို အဝ ကို ခုတုန်းလုပ်
ပရိသတ်ပြုံးပျော်အောင် လုပ်လိုက်ပါလား
အပြုံးတွေ ရှားလာလို့ပါ
❖ ပိန်လွန်းလို့ စိတ်ညစ်နေမယ့်အစား
Talent Show မှာ အရိုးပြိုင်းပြိုင်းကို
ခုတုံးလုပ်ပြီး ဓါတ်မှန်ရိုက်စရာ မလိုဘဲ
ခန္ဓာမှာ အရိုး(၂၀၆) ချောင်းရှိကြောင်း
ပရိသတ်ထောင်သောင်းသိအောင်
အတိအကျ ရေပြရင်း
အားကုန်ဖျစ်လို့ ညှစ်ပြနိုင်ရင်
စံချိန်အသစ် Winner အစစ် ဖြစ်ပြီပေါ့
်
❖ ကိုယ့်အရေအသွေးနဲ့ကိုယ်
ရွှေရင်တွေဖို ပီတိတွေတောင် ပြိုလိုရသေး
❖ ညီမလေး သိထားဖို့က
ခြင်္သေ့တစ်ကောင်ဟာ ရုပ်လှဖို့မလိုဘူး
အားမာန် ထုတ်ပြတတ်ဖို့ပဲ လိုတယ်
❖ ဥသြပျို ဟာလည်း အရောင်မဲညစ်
Miss ရဖို့မလိုဘူး
Bird Idol မှာ Vocal Power အားကောင်း
ကောင်းနဲ့ ဆိုနိုင် ဖို့ပဲ လိုတယ်
❖ ဘာ----ဘာတဲ့
ငိုနေတယ် ဟုတ်လား
မရေရာတဲ့ Chatbox က မသေချာတဲ့
မျှော်လင့်ချက်တွေကုဋေကုဋာ
ပေးသွားတဲ့သူ့ကြောင့်
ညီမလေး ငိုနေတာလား
ဒါဆို ညီမလေး မှားပြီ
❖ '' တောက် ''
မတန်လိုက်တာ ညီမလေးရယ်
Fb is not real life
လက်တွေ့ မြင်ရင်တောင်
တစ်ဝက်ပဲ ယုံရမယ့်ခေတ်
စိတ်ညစ်ခံတာ တန်သလားကွာ
ရင်ဘတ်တွေအောင့်
စိတ်ချဉ်တွေပေါက်စရာလိုလားကွာ
❖ မသေချာတဲ့ ရည်စားတစ်ထောင်နဲ့ စကားဖောင်ဖွဲ့
အချိန်ကုန်နေရင်
စစ်မှန်တဲ့ လင်ကောင်တစ်ယောက်
ကောက်ခနဲလွတ်သွားမယ်လေ
❖ အရင်က တစ်ခါမှ မချစ်ခဲ့ဖူးဘူး
ညီမလေးကျမှ ချစ်လှပါပြီဆိုတဲ့
စကားကို ပွအောင် လှအောင်မုသားဆော်ဒါတွေ
သုံးပြီး ပြောခဲ့ဖူးသူထောင်သောင်းတွေထဲက
❖ ဘယ်သူများက ဟောင်းလောင်းဖြစ်နေတဲ့
ညီမလေးအိမ်က ဆန်အိုးကို ဖြည့်ပေးခဲ့ဖူးလို့လဲ
အရေးကြုံရင် သက်လုံကောင်းခဲ့ဖူးလား
ပြသနာကို ကျောချင်းကပ် ရင်ဆိုင်ဖူးလား
ရင်ဘတ်ချင်း ကပ်ဖို့ ပဲ ကြိုးစားနေသလား
ညီမလေး သေချာစဉ်းစား
❖ တကယ်တော့
စကားလုံးတွေထဲက ဆီဦးထောပတ်ထက်
အိုးကပ်ကျန်နေတဲ့ အမေ့ဆန်တစ်ဆုပ်က
လက်တွေ့ဘဝမှာ ပိုတန်ဖိုးရှိတယ်
❖ ပြီးတော့ ရှိသေးတယ်
❖ ယာယီသွေးသား Crisis ကြောင့်
အိပ်မက်နန်းတော်ကို မြားချိတ်မှာ တပ်ပြီး
ကုတင်ပေါ်ကတာဝန်တစ်ခုကိုပဲ ကျေဖို့
အရူးချီးပန်း ကြိုးစားနေတဲ့ တဏှာရူးတွေတွေ့ရင်
ညီမလေးပြောရမှာက
❖ " Sorry တာ့တာ" ပဲ
ဘဝက တစ်ခါသုံးမှ မဟုတ်တာကွယ်
❖ ကဲ------ကိုင်ပေါက်လိုက်ရင်
ဘာမှ ပြန်မပြောနိုင်ရှာတဲ့
သက်မဲ့ ဖုန်းထဲက အရာတွေအတွက်
အိပ်ရေးလည်း အပျက်မခံနဲ့
ကြိတ်ဆွေးလည်း အတက်မခံနဲ့
စိတ်လေးလည်း အပျက်မခံနဲ့
❖ မျက်ရည်စက်တွေက တန်ဖိုးရှိတယ်
ဝမ်းနည်းလို့ ကျလာတဲ့ မျက်ရည်စက်မှာ
အဖိုးအနဂ္ဃထိုက်တန်တဲ့
ပရိုတင်းတွေအများကြီးပါတယ်
ညီမလေး အားယုတ်နေလိမ့်မယ်
❖ ညီမလေးသာ ရင်ဘတ်ကလေးဖိရုန်း
မျက်လုံးအဖောင်းသားနဲ့ငိုနေ
ဟိုတစ်ယောက်ကတော့
ပြက်လုံးအကောင်းစားနဲ့ ရီနေလောက်ပြီ
❖ ကဲ သက်ရှိဖြစ်တဲ့ ညီမလေးရေ
❖ သက်မဲ့ ဖြစ်တဲ့ ဖုန်းလေးကြောင့်
မျက်ရည်တွေ ဖွေးယှက်
အတွေးနက် ပေးဆပ် နေမယ့်အစား
ဟာသကားလေး ငှားလို့
ဝါးခနဲ ရီလိုက်စမ်းပါကွယ်
❖ အသက်ရှည်စေချင်လွန်းလို့ပါ ►
════
❖ Fb ကြောင့် စိတ်သောက ရောက်နေသူများသို့ ►
════
❖ ဤ Post ကို Share ခြင်းဖြင့် Media
အချစ်ကျော့ကွင်းသို့ သက်ဆင်းမည့် ရိုးသားသည့်
မျက်ရည်စက်လေးများစွာကို ကယ်တင်နိုင်ကြပါ
စေကြောင်း ဆုမွန်ကောင်းတောင်းလျက်..
═══════════
credit - မင်းသွေးငယ်(ရာမညမြေ)
ရောဂါဗေဒဌာန
နိုင်ငံတော်နှင့် အာဆီယံအဆင့်စာပေဆုများရှင်။
photo - credit.
