အေးဝတ်ရည်သောင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ပြဿနာတတ်နေကြပြီ အပြည့်အစုံသိရန် ပုံကိုနှိပ်ပါ
ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာ
------------------
နိုင်ငံရေးသတင်းတွေ၊ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ သတင်းမျိုးတွေကိုသာ တင်လေ့ရှိပြီး အစိုးရရဲ့ ၀န်ကြီးဌာနတွေထဲက တစ်ခုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ အေးဝတ်ရည်သောင်းနဲ့ အင်တာဗျူးကဏ္ဍကို ဖော်ပြပြီးတဲ့နောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ်။
လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အေးသောင်း လို့နာမည်ကြီးနေတဲ့ အေးဝတ်ရည်သောင်းဟာ သူမရဲ့ မြန်မာဆန်ဆန်အလှတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုကို အများအပြားရရှိထားသူ တစ်ယောက်ပါ။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာပါဝင်တဲ့ “အေးသောင်း သို့မဟုတ် ပြန်လည်ဖြစ်တည်လာတဲ့ အေးဝတ်ရည်သောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာဗျူးကို တင်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ပေ့ခ်ျမှာ ဒီလို အကြောင်းအရာမျိုး တင်သင့်ရဲ့လားလို့ စာဖတ်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေထဲက သတင်းတွေဖြစ်ကြတဲ့ သမ္မတရဲ့ သတင်းတွေ၊ လွှတ်တော်သတင်းတွေ၊ တပ်မတော်ရဲ့ သတင်းတွေကိုသာ ဦးစားပေးတင်လေ့ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းတွေကြားမှာ အေးသောင်းနဲ့ အင်တာဗျူးဟာ အံ့အားသင့်စရာဖြစ်ခဲ့ရတာပါ။
ဒီဖြစ်ရပ်ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြမှုဖြစ်စဉ်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စလို့ ပြောရမှာဖြစ်ပြီး အေးဝတ်ရည်သောင်း အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကိုတောင် ဆွဲဆောင်နေပြီ လို့ Facebook သုံးစွဲသူတွေက ဝေဖန်ခဲ့ကြပါတယ်။
Trend Myanmar