မအေးသောင်း မှာ ချစ်သူရှိတယ် အပြည့်အစုံ သိရန်နှိပ်ပါ။
==================================================
ဇင်ဇင်လင်း
(unicode)
[ အနုပညာသတင်း ] မအေးသောင်း မှာ ချစ်သူရှိတယ်
==================================================
ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ခုတလော မအေးသောင်း ရယ်လို့ရေပန်းစား လာတဲ့ မအေးသောင်း တစ်ဖြစ်လဲ အေးဝတ်ရည်သောင်း ရဲ့ အချစ်ရေးကို သူမရဲ့ ပရိသတ်တွေ သိချင်ကြမယ်လို့ထင်တာကြောင့် သူမနဲ့ ထပ်မံဆုံ ပြန်တော့ အချစ်ရေး အကြောင်းအရာကို မေးကြည့် ဖြစ်ရပြန်တာပေါ့။
" အချစ်ရေးက အေးဆေးပါ။ဒီအရွယ်မှာ လူတိုင်းတော့ ချစ်သူ ရှိကြတာ ချည်းပါပဲ။ပရိသတ်ကို ကိုယ့်ချစ်သူကို ထုတ်ပြတယ်၊ မပြဘူး ဆိုတာက ချစ်သူ မို့လို့ပါ။ကိုယ့်အမျိုးသား ကိုယ့်ယောကျ်ား ဆိုရင်တော့ ပရိသတ်ကို ချပြလိုက်တာ ပြဿနာမရှိဘူးလေ။ချစ်သူကို ဘာလို့ မချပြတာလဲဆိုရင် ကိုယ့်ချစ်သူက ဘယ်သူဘယ်ဝါဆိုပြီး ချပြလိုက်ရင် သူ့အတွက်လည်း မကောင်းဘူး။ကိုယ့်အတွက်လည်း မကောင်းဘူးလေ။ချစ်သူတိုင်းက လက်ထပ်ဖြစ်ချင်မှ လက်ထပ်ဖြစ်တာလေ။ကံ ဆိုတာ ရှိသေးတာကြောင့် လက်မထပ်ဖြစ်ရင် သူ့အနာဂတ်အတွက်လည်း မကောင်းဘူး။မိန်းကလေး တစ်ယောက် ဖြစ်တဲ့ ကိုယ့်အနာဂတ်အတွက်လည်း မကောင်းဘူးလေ။ အဲဒါကြောင့် ရည်းစားကို လူအများရှေ့မှာ ဘယ်သူဘယ်ဝါဆိုပြီး ချပြပြီး တွဲသွားတွဲလာ မလုပ်ဖြစ်ပါဘူး '' လို့  မအေးသောင်း က  အချစ်ရေးနဲ့ ပတ်သက်လို့ သူ့အယူအဆ ကို ဆိုပါတယ်။
ဇင်ဇင်လင်း
Powered by Blogger.