ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးကတော့ လူရော မူရောမပြောင်းလဲ သေးပါ့လား ? အပြည့်အစုံဖတ်ရန်နှိပ်ပါ။

ဒီနေ့
ကျနော့ဇနီး အူကျွံနေတာ အရှေ့ပိုင်းဆေးရုံကို သွားပြခဲ့တယ်



သောကြာနေ့ဆေးရုံတက်ရမယ်
တနင်္လာနေ့မှာ ခွဲရမယ်

သွေးစစ်, Ultrasound ရိုက်ခိုင်းလို့ ဆေးရုံက ဓာတ်ခွဲခန်းကို သွားရတယ်

တစ်ခု မသိတာက ရန်ကုန်ဆေးရုံကြီးမှာဆိုရင် ဘာမှ မပေးရပဲ အခမဲ့ဆောင်ရွက်ပေးပေမယ့်
ဒီဆေးရုံကျတော့ စရိတ်မျှပေးဓာတ်ခွဲခန်းဆိုင်းဘုတ်နဲ့ သွေးစစ်ခပေးရတယ်ဗျား

ငွေလက်ခံဖြတ်ပိုင်းကိုကြည့်လိုက်တော့ ကျသင့်တဲ့ စစ်ဆေးခတွေကလွဲလို့
ဘာတံဆိပ်တုံးမှ မရိုက်
ငွေလက်ခံသူနေရာမှာ ဘာလက်မှတ်မှမပါပဲ ဖြစ်သလိုပေးလိုက်တာတွေ့ရတယ်

စိတ်ထဲက တစ်မျိုးဖြစ်လာတာနဲ့ အဲဒီပြေစာကိုယူပြီး ဒီမှာလက်ခံတဲ့သူလက်မှတ်လေးထိုးပေးပါလို့ ပြောလိုက်ရတယ်

အဲဒီတော့မှ တံဆိပ်တုံးတွေရိုက်
လက်မှတ်တွေထိုးပေးပြီး
လက်မှတ်မထိုးလည်း ရတယ်လို့ ပြောတယ်

တကယ်တော့ တရားဝင် ငွေသွင်းရတဲ့ကိစ္စမျိုးမှာ ဒီလိုမျိုး
လက်လွတ်စပယ် မလုပ်သင့်ဘူးလို့ ထင်တယ်

နောက် ပြည်သူ့ဆေးရုံချင်းအတူတူ
ဘာတွေကွာနေလို့လည်းလို့
ဘဝင်မကျတာလည်း အမှန်ပါပဲ

မှတ်ချက်။
ဒီပုံက လက်မှတ်ထိုးခိုင်းပြီးမှ ပြေစာကို ဓာတ်ပုံရိုက်တင်လိုက်တာပါ
Powered by Blogger.