ကြားမကြားဘူးပေါင် ခုတော့ကြားရပြီ နှစ်​လင်​ တစ်​မယား အပြည့်အစုံသိရန် ပုံကိုနှိပ်ပါ။

နှစ်​လင်​ တစ်​မယား
***************



ကျ​နော်​မိန်းမ ​ယောက်ျားတစ်​​ယောက်​နဲ့ ​ဖောက်​ပြန်​​နေလို့ ဘယ်​လိုလုပ်​ရမလဲ တဲ့။

မောင်​မင်းမင်း​အောင်​ ရဲ့ ​ပြောပြချက်​က​တော့  25  6 2017 ​နေ့ မန္တ​လေး ဘူတာမှထွက်​ခွာ လာ​သော အမှတ်​၅၇ အဆန်​ရထား​ပေါ်တွင်​ ၎င်း၏ ဇနီးဖြစ်​သူ မှာ ရထား​ပေါ်၌ အိမ်​နီးနားတွင်​ ​နေထိုင်​သွားသူနှင့်​ မဖွယ်​မရာ ​နေထိုင်​သည်​ကို ​တွေ့ရှိပြီး  ဒီလိုမ​နေဖို့​ပြောပြရာ ငါတို့က ယူပြီးပြီ ကန့်​ဘလူမှာ လက်​မှတ်​ထိုးထားပြီးပြီ လို့ ​မောင်​မင်းမင်း​အောင်​က ​ပြောပြပါတယ်​။

ပြီး​တောလည်း ၎င်းနှင့်​အတူပါလာသူ အမျိုးသားကိုလည်း သူနဲ့တရားဝင်​ကွဲပြီးသား
ကရုစိုက်​စရာမလိုဘူး ဘာမှ လုပ်​လို့ မရဘူး ​ပြောတယ်​လို့ ​မောင်​မင်းမင်း​အောင်​က ​ပြောပြပါတယ်​။

မောင်​မင်းမင်း​အောင်​မှ ရထားတွဲ​စောင့်​များ ရထားရဲများ​ခေါ်​နေစဉ်​ ကိုးတောင်​ဘို့ ဘူတာနှင်​ ​ဇော်​​ချောင်းဘူတာကြားမှာ ဆင်း​ပြေးသွား​ကြောင်း​ပြောပြပါတယ်​။

ကျ​နော်​ အနေဖြင့်​ ​မောင်​မင်းမင်း​အောင်​၏ ​ယောက္ခမအား​ခေါ်ပြီး အကျိုးအ​ကြောင်း​မေးမြန်း​ရာ  ၎င်း၏ ​ယောက္ခမက သူ့သမီး​ဈေး​ရောင်းသွားတာ ၆ ၇ ရက်​ရှိပြီဖြစ်​​ကြောင်း ​မော်​လူး မှတို့ဟူး​ခြောက်​​ကြော်​ ယူပြီး​ရောင်း​ကြောင်း​ပြောပြပါသည်​။

ကျ​နော်​အ​နေဖြင့်​ ​မောင်​မင်းမင်း​အောင်​၏ ​ယောက္ခမအား လူ​ပျောက်​မတိုင်​ဘူးလား၊တခြားဘာ​အ​ကြောင်းဘာမှမသိဘူးလားလို့ ထပ်​​မေး​သောအခါ မတိုင်​ပါဘူး၊ ​ဈေး​ရောင်းသွားတာပဲ သိပါ​ကြောင်း​ပြောပါသည်​။

ကျ​နော်​မှ ​မောင်​မင်းမင်း​အောင်​၏ဇနီး နှင့်​ ​ဖောက်​ပြန်​​နေသူဟုဆိုသူ၏ အလုပ်​ရှင်​ထံသို့ ဖုန်းဖြင့်​ ​မေးမြန်းရာ ၎င်း အဖြစ်​အပျက်​ကို မသိပါ​ကြောင်းနှင့်​ ​ဖောက်​ပြန်​​နေသူ၏မိဘအိမ်​သို့ ​မောင်​မင်းမင်း​အောင်​၏ ​ယောက္ခသည်​ မ​နေ့က ​ရောက်​ရှိလာသည်​ဟုသိရ​ကြောင်း​ပြောပြပါသည်​။
ဆက်​လက်​ပြီး သူ့ထံတွင်​ အလုပ်​မလုပ်​သည်​မှာ ကြာပြီ ဖြစ်​​ကြောင်း နှင့်​ အဆက်​သွယ်​ရပါက ကျ​နော်​ထံသို့ အ​ကြောင်းကြား​ပေးမည်​ဖြစ်​​ကြောင်း ​ပြောပါသည်​။

ကျ​နော်​အား ​မောင်​မင်းမင်း​အောင်မှ ​အောက်​ပါအတိုင်း ဆက်​​ပြောပြပါတယ်​။
အရင်​ကလည်း ဒီလူနဲ့ဖြစ်​လို့ ပြဿ     နာဖြစ်​ဖူးပြီး အိမ်​​ထောင်​မပြိုကွဲလိုသည်​ကတစ်​​ကြောင်း၊ နဘားရွာ၌ ဆက်​​နေလျှင်​ တစ်​​နေ့မဟုတ်​တစ်​​နေ့ ထပ်​ပြီး ပြဿ     နာ ဖြစ်​နိုင်​သဖြင့်​ ၎င်း၏ ဇာတိကွမ်းခြံရိုး ရွာ ၊ သာစည်​မြို့နယ်သို့ ၎င်း၏၂နှစ်​​ကျော်​အရွယ်​သားငယ်​နှင့်​၎င်း၏ ဇနီးဖြစ်​သူကို ​ခေါ်​ဆောင်​သွားခဲ့​ကြောင်း၊ ၎င်း၏ ဇနီးမှာ ရွာ၌  ၃ ရက်​သာ​နေထိုင်​ပြီး ​မောင်​မင်းမင်း​အောင်းနှင့်​ ၂ နှစ်​​ကျော်​အရွယ်​သားတို့ကိုချန်​ထားပြီးနဘားသို့ ပြန်​လာခဲ့​ကြောင်းနှင့်​ ယခုကဲ့သို့ ​ဖောက်​ပြန်​​နေ​ကြောင်းကြားသိရသဖြင့်​ သာစည်​မှနဘားသို့ပြန်​လိုက်​လာရာ ရထား​ပေါ်၌ မျက်​မြင်​​တွေ့ရပြီး ဘာသာခြားဖြစ်​သူနဲ့ ယခုလို ​ဖောက်​ပြန်​​နေသည်​ကို ခံပြင်း၍ လာ​ရောက်​ တိုင်​တန်းရခြင်းဖြစ်​​ကြောင်း ​ပြောပြပါသည်​။

ကျ​နော်​အ​နေဖြင့်​ အ​ရေးယူ​ဆောင်​ဖို့ တာဝန်​ မရှိသဖြင့်​ သက်​ဆိုင်​ရာ ရဲစခန်း၌ တိုင်​တန်းအမှု ဖွင့်​သင့်​ပါ​ကြောင်းနှင့်​ အထက်​ပါဖြစ်​စဉ်​မှန်​ကန်​ပါက တစ်​လင်​တစ်​မယား ဥပ​ဒေ အရ ​နှစ်​ဦးစလုံး ​ထောင်​ကျနိုင်​​ကြောင်း၊ ​မောင်​မင်းမင်း​အောင်​မှ ဇနီး အ​ပေါ် အမှန်​တကယ်​ပြတ်​သားနိုင်​မှသာ ​ဆောင်​ရွက်​သင့်​​ကြောင်းနှင့်​ မီဒီယာများအားလည်း အကူအညီ​တောင်းသင့်​​ကြောင်း​ပြောပြရာ ​မောင်​မင်းမင်း​အောင်​မှ မီဒီယာကို အကူအညီ ​တောင်းရာ စခန်း၌ အမှုဖွင့်​ပြီးမှသာ ​ဆောင်​ရွက်​​ပေးနိုင်​​ကြောင်း ​ပြောဆိုခဲ့ပြီး ဆက်​လက်​၍ ၎င်း၏ ဇနီးနှင့်​ ​ဖောက်​ပြန်​သူတို့ကို ဥပ​ဒေအတိုင်း အဆုံးထိလုပ်​မှာဖြစ်​​ကြောင်း ​ပြောပြပါသည်​။💔💔💔💔💔

  အထက်​ပါအဖြစ်​အပျက်​များသည်​ ​မောင်​မင်းမင်း​အောင်​၏​ပြောပြချက်​၊ ၎င်း၏​ယောက္ခမဖြစ်​သူ၏ ​ဖြေကြားချက်​များကို ​ရေးသားခြင်းဖြစ်​ပြီး မလိုလားအပ်​​သော ပြဿ     နာများဖြစ်​​ပေါ်လာ​စေရန်​ လှုံ့​ဆော်​​ချဲ့ကား ​ရေးသားခြင်းဖြင့်​ မshareကြရန်​၊comment များ၌လည်း ပုတ်​ခတ်​​ရေးသားခြင်းများ ပြုလုပ်​ကြပါရန်​ သတိ​ပေး​တောင်းပန်​အပ်​ပါသည်​။✋✋✋

အားလုံးကိုယ်​ချင်းစာတတ်​ကြပါ​စေ။
ဖောက်​ပြန်​သူ တစ်​ဦး​ကြောင့်​ ဘဝ​တွေ မဆုံးရှုံး​စေချင်​ပါ။

ညီညီဝင်း
 နဘား@ မြင့် လွင်
Powered by Blogger.