အထိအတွေ့ကို တုံ့ပြန်နိုင်သည့် လိင်ဖျော်ဖြေရေးစက်ရုပ် တီထွင်။ အပြည့်အစုံဖတ်ရန် နှိပ်ပါ။
အထိအတွေ့ကို တုံ့ပြန်နိုင်စွမ်းရှိပြီး ဉာဏ်ရည်တုပါပါသည့် လိင်ဖျော်ဖြေရေး စက်ရုပ်ပေါ်လာပြီဖြစ်သည်။ ဆီလီကွန်ဆမန်သာဆိုသည့် အဆိုပါ စက်ရုပ်မသည် လူသား၏အထိအတွေ့ကို တုံ့ပြန်နိုင်စွမ်းရှိကာမိသားစု Modeနှင့် ရာဂModeဟူ၍ နှစ်မျိုးရှိပြီး Mode ကို ပိုင်ရှင် စိတ်ကြိုက် ပြောင်းနိုင်မည်ဖြစ်သည်။ စက်ရုပ်၏ မျိုးပွားအင်္ဂါနှင့် ပါးစပ်တို့သည် လူ အစစ်အတိုင်း လုပ်ဆောင်နိုင်စွမ်းရှိသည် ဟု စပိန်တီထွင်သူက ဆိုသည်။
စူးရှလှသည့် မျက်ဝန်းစိမ်းပိုင်ရှင် ယင်း လိင်ဖျော်ဖြေရေးဆီလီကွန်စက်ရုပ် သည် ပိုင်ရှင်နှင့်လည်း ရင်းနှီးတွယ်တာ နိုင်စွမ်းရှိသည်ဟုတီထွင်သူ အင်ဂျင်နီယာ ဆာဂျီဆန်တို့စ်က ပြောသည်။ စက်ရုပ်၏ တင်ပါး၊ ရင်သား၊ ပခုံးသား၊ မျိုးပွားအင်္ဂါနှင့် ပါးစပ်တို့တွင် အာရုံခံကိရိယာများထည့် သွင်းထားသဖြင့် စက်ရုပ်က လူ၏အထိ အတွေ့ကို တုံ့ပြန်နိုင်ခြင်းဖြစ်သည်။ လိင်ဖျော်ဖြေရေးအရုပ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုကလည်း စက်ရုပ်ပိုင်ရှင်နှင့် သံယောဇဉ်တွယ်နိုင်စွမ်းရှိသည့် အလိင်ဖျော် ဖြေရေးစက်ရုပ်ကို ဖေဖော်ဝါရီလတွင် စတင်ထုတ်လုပ်ခဲ့သေးသည်။ လူသား စစ်စစ်နှင့် တူလှသည့် ယင်းစက်ရုပ် များသည် တန်ဖိုးဒေါ်လာ ၆၅၀၀ မှ စ သည်။ ထို့ထက်ပို၍ အနုစိတ်သည့် ဝန် ဆောင်မှုများထည့်သွင်းထားသော စက် ရုပ်ဆိုလျှင် ကြမ်းခင်းဈေး ဒေါ်လာ ၁၂ ၀၀၀ မှ စသည်။
(DM, 25.3.17)
http://pyimyanmarnews.com
