မောင်တောမြို့နယ် ဂြစ်ချောင်းရွာသား (၁) ဦး ပျောက်ဆုံး၊ လိပ်ရမြောက်ရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ (၄)ဦးအား ဖမ်းဆီးရမိ

မောင်တောမြို့နယ် ဂြစ်ချောင်းရွာသား (၁) ဦး ပျောက်ဆုံး၊ လိပ်ရမြောက်ရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ (၄)ဦးအား ဖမ်းဆီးရမိ

-------------

29 June 2017

ဇွန်၂၉၊၂၀၁၇

မောင်တောမြို့နယ် ဂြစ်ချောင်း(မြိုရွာ)နေ ဦးထွန်းမောင် ၄၉ နှစ်သည် ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် တစ်ညအိပ်ခရီး ထွက်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ၎င်း၏ ဇနီးဖြစ်သူ မငင်းခီး(ခ)မလှညို က ဇွန် ၂၈ ရက် ညနေ ၅ နာရီတွင် ငါးခူရနယ်မြေစခန်း၌ အမှုဖွင့်တိုင်ကြား ထားပြီး စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

ဇွန် ၂၇ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် လိပ်ရမြောက်ရွာအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဇွန် ၂၆ ရက် နံနက်ပိုင်းက လိပ်ရမြောက်ရွာဗလီ၌ ဝတ်ပြုနေစဉ် မော်လဝီအီနုစ် အား ချုပ်နှောင်ပြီး လှံဖြင့်ထိုးခဲ့သောဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည်ဟု သံသယရှိသူ လိပ်ရမြောက်ရွာနေ အန္နဝါအီစ္စလာမ် ၂၅နှစ် ပါ (၄) ဦးအား ဗလီအနီး၌ တွေ့ရှိ၍ ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
Powered by Blogger.